Local News

မုံရွာမြို့၏ ကြက်သွန်နီ ဈေးနှုန်း/ဈေးကွက်

Last Updated:

    အောက်တိုဘာလ တတိယအပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ပွဲရုံများသို့ စားဖိုဆောင်သီးနှံဖြစ်သော ကြက်သွန်နီများ နေ့စဉ် ပိဿာချိန် ၁၁၀၀၀ ခန့် ဝင်ရောက်လျက်ရှိသည်။ ပွဲရုံများတွင် ဝင်ရောက်လာသော ကြက်သွန်နီများကို ဒေသတွင်း ကြက်သွန်ကြော်လုပ်ငန်းများ၊ အကြော်ဖိုများ၊ ရန်ကုန်၊ မန္တလေးဝယ်လက်များနှင့် ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ မြို့နယ်များသို့ တင်ပို့နေကြောင်းသိရသည်။
    ယခုတစ်ပတ်အတွင်း မုံရွာကြက်သွန်နီပွဲရုံများသို့ ဝင်ရောက်လာသော ကြက်သွန်နီ တစ် ပိဿာ ပေါက်ဈေးနှုန်းမှာ လက်ကားဈေးနှုန်း (ကြီး) ၉၀၀ ကျပ်မှ ၉၅၀ ကျပ်ထိ၊ (လတ်) ၇၅၀ ကျပ်မှ ၈၅၀ ကျပ်၊ (သေး) ၅၀၀ ကျပ်နှင့် လက်လီဈေးနှုန်း (ကြီး) ၁၂၅၀ ကျပ်မှ ၁၃၀၀ ကျပ်ထိ၊ (လတ်) ၁၀၀၀ ကျပ်မှ ၁၁၀၀ ကျပ်၊ (သေး) ၅၀၀ ကျပ်မှ ၈၀၀ ကျပ်ထိ ပေါက်ဈေးရှိသည်။ ကြက်သွန်နီ အလုံးအရွယ်အစားနှင့် အစိုအခြောက်ပေါ်မူတည်၍ ဈေးနှုန်း ကွာခြားမှုများရှိပါသည်။ ကြက်သွန်ဖြူ တစ်ပိဿာ ပေါက်ဈေးနှုန်းမှာ ဗမာဖြူ ၇၅၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်ထိ၊ ရှမ်းဖြူ ၇၀၀၀ ကျပ်မှ ၇၅၀၀ ကျပ်ထိ၊ ကြူကုတ်ဖြူ ၁၄၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်ထိစသည်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း မုံရွာကြက်သွန်နီပွဲရုံများမှ သိရသည်။

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

 

Category: Local News